Thursday, October 20, 2016

ကျွန်ုပ်နှင့်အလွဲများ

ကျွန်ုပ်နှင့်အလွဲများ


ဪ...လာမဲ့လပြည့်နေ့ သီတင်းကျွတ်လပြည့် ကျွန်ုပ်တို့ထန်းတောရွာရဲ့ ဗုဒ္ဓပူဇနိယဘုရားပွဲတော်ကြီး စည်ကားသိုက်မြိုက်စွာကျင်းပကြမဲ့နေ့...
ပင့်သံဃာဆရာတော်များအား စုပေါင်းဆွမ်းကြီးလောင်းကုသိုလ်နဲ့အတူ ပျော်ပွဲရွှင်ပွဲများအနေဖြင့် လူငယ်စတိတ်ရှိုးပွဲ
ကျေးရွာများဖိတ်ခေါ်ဘောလုံးပြိုင်ပွဲများကို လူငယ်များပျော်ရွှင်စွာဆင်နွှဲပြိုင်ဆိုင်ကြမည်ဖြစ်သည်။ဘောလုံးပွဲဆိုမှ ပြီးခဲ့တဲ့နှစ်ကပြိုင်ဆိုင်ခဲ့ကြတဲ့ ဘောလုံးပွဲလေးကိုအမှတ်ရမိနေသေးတယ်။
ကျွန်ုပ်တို့အသင်းနာမည်က စူပါငမူးများအသင်း....အသင်းခေါင်းဆောင်က
ကျွန်ုပ်မောင်တာရာပိန်ကြီး၊နည်းပြကတော့
သိတယ်မဟုတ်လား ကဝိမည်ခေါ် ငပေါ်ဦးလေ....အုပ်စု Aမှာကျတဲ့ကျွန်ုပ်တို့အသင်း ပထမဆုံးကွင်းဖွင့်ပွဲအဖြစ် ကြယ်စင်လက်သစ်လူငယ်အသင်းနဲ့ပွဲဦးထွက်
ကန်ကြတာပေါ့ဗျာ....တွီ...!!!ကွင်းလယ်ဒိုင်ရဲ့ခရာမှုတ်သံအဆုံး...စူပါငမူးဘက်ကစတင်ဘောလုံးထိပြီး တိုက်စစ်မှူးမိုးကြီးဒါတိုက်ဆွဲပြေးလာပြီခဗျ
ဖွန်ကြောင်ငမျိုးကိုပေးတယ် ဂိုးဧရိယာထဲကိုရောက်လာပြီခဗျ အသင့်ရှိနေတဲ့ကျွန်ုပ်ကိုလှမ်းထိုးပေးတယ်...
တစ်ဖက်ဂိုးသမားနဲ့နှစ်ဂိုက်အကွာသာဝေးတဲ့ကျွန်ုပ် အားရပါးရ ဂိုးထဲကိုကန်ထည့်လိုက်တယ်...ဂိုးထဲကိုဝင်သွားတယ်ခဗျ..ဟေးကနဲအော်လိုက်တဲ့ပရိတ်သက်အသံနဲ့အတူ ဆဲသံတွေပလူပျံအောင်ထွက်လာတော့မှ
ဟင်...ဂိုးထဲဝင်သွားတာ ဘောလုံးမှမဟုတ်ဘဲကိုဗျ..ကျွန်ုက်စီးထားတဲ့ အက်ဒီဒက်တံဆိပ် ဘောဖိနပ်ကြီးဖြစ်နေတာကိုး :-) :-) ..:-) :-)
ကဲပါဆက်ပြောရရင်လည်းအရှည်ကြီးမို့
နောက်ပြီးကိုယ့်ပေါင်ကိုလှန်ထောင်းနေသလိုဖြစ်နေမှာဆိုးလို့မပြောတော့ပါဘူး...အဲပွဲမှာကျွန်ုပ်တို့အသင်း ၁၆ဂိုး ၁ဂိုးနဲ့အကောင်းဆုံးအသင်းကရှုံးနိမ့်ခြင်းနဲ့ရင်ဆိုင်ခဲ့ရတယ်ပေါ့ဗျာ။
ထားပါတော့.. ဘောလုံးပွဲမှာခြေမပေါ်တဲ့ကျွန်ုပ်
(ခြေမပေါ်ဆိုခြေအိပ်ရှည်ကြီးစွပ်ထားတာကိုးဗျ)ညပိုင်းစတိတ်ရှိုးမှာတော့ ရှိုးစမိုးအပြည့်နဲ့ လူတွေကြွေသွားအောင်ဆိုပြလိုက်ရသေးတာပေါ့လို့ စိတ်ထဲကကြုံးဝါးပလိုက်တယ်။
ရောက်ပါပြီ....အလှည့်ကြတေးသံရှင် ကိုတာရာစင်မြင့်ပေါ်သို့ကြွပါ!!!! ဝါဆောဘောင်းဘီရှည်၊D2အင်္ကျီ အနက်ရောင်ကြီးဝတ်ပြီး ဆောင့်ကြွားဆောင့်ကြွားနဲ့ စတိတ်စင်ပေါ်ကိုကျွန်ုပ်တက်လာပါပြီ
ပရိတ်သက်ကြီးမင်္ဂလာပါ Rကြီးစတိုင်နဲ့ ကျွန်ုပ်ရဲ့နှုတ်ဆက်သံအဆုံး.........
ဝါး...ဟားဟား...ခွိခွိ...ခ်ခ်..ရယ်သံတွေကအရင်ထွက်လာတယ်ဗျ...ပရိတ်သက်ရှေ့ဆုံးတန်းကကောင်မလေးတစ်ချို့က မျက်နှာတွေလွှဲပြီးပါးစပ်ကိုလက်ဝါးနဲ့အုပ်ပြီးရယ်နေတာတွေ့မှ ကိုယ့်အောက်ကိုငုံ့ကြည့်မိတယ်...ဟာ!!!!သွားပြီသေရော ဘောင်းဘီဇစ်တက်ဖို့မေ့နေတာလေ
အာ့နဲ့ရှက်ကိုးရှက်ကန်နောက်ဘက်လှည့်ပြီး
ဇစ်ဆွဲတော့...ဟားဟားဟား....တန်းလန်းကြီး
တန်းလန်းကြီး စတိတ်ခုံထောက်ကလူငယ်တွေကအော်ပြောပြီရယ်ကြပါလေရော....ဟာတစ်ခုခုတော့လွဲပြန်ပြီ တန်းလန်းဆိုဆိုတာကြီးက ရှေ့ကမထွက်ပဲ ဘာလို့နောက်ကထွက်ရတာလည်းက
ကိုယ့်ဟာကိုပြန်စမ်းကြည့်မှ တိန်!!!တံဆပ်မှမဖြုတ်မိပဲကိုးဗျ ..:-) :-)
ထားပါတော့လေ ကိုဝတ်ထားတာအသစ်ဂျက်ချွတ်ဆိုတာ တစ်ရွာလုံးသိသွားတာပေါ့ဟုတ်ဘူးလား :-) :-) :-) တုတု xxတုတုရှဲ တီးဝိုင်းဒွမ်သမားက intro စတီးတော့မှ မိုက်ခရိုခလုပ်လေးဖွင့်ဆိုမယ်လည်းလုပ်ရော...ဒွတ်ခပဲ သီချင်းအစကမေ့နေပြန်ပြီ
ကီးဘုတ်ဆရာက မိုးပေါ်ကိုလက်ညှိးထိုးပြီး
သတိပေးတာနဲ့ စဆိုလိုက်တယ်
မိုးကုတ်စက်ဝိုင်း အောက်ကခါဦးမိုးတို့အကြိမ်ကြိမ်ပြို🔊🎼🎤🎤လွဲသွားတာမှတက်တက်စင်အောင်ကိုလွဲတာ ဆိုရမှာကမိအေးသီချင်း မိုးရေစပ်တွေ တစ်ဖွေးဖွေး အဲ့ကစ,ရမှာ ဆိုလိုက်တာက
ဝါဆိုမိုးသီချင်းကြီး :-) :-) :-) ပရိတ်သက်ရဲ့ဝါးလုံးကွဲရယ်သံတွေနဲ့အတူ
သီချင်းလေးငါးပုဒ်လောက်ကို တစ်ပုဒ်ထဲပေါင်းဆိုပြီးသကာလ
သီချင်းစာသားတွေ ဂျာအေးသူ့အမေရိုက်ပြီး
ကျွန်ုပ်ရဲ့အလှည့်ကျတင်ဆက်မှုပြီးလို့
စတိတ်စင်ပေါ်အဆင်း ရွာကမိအေးရဲ့အဖေ
အရက်မူးနေတဲ့ကိုသာအိကြီးက သူ့သမီးနာမည်ကိုသီချင်းထဲထည့်ပြီးဆိုရကောင်းလားဆိုပြီး ဓားနဲ့လိုက်လို့ ဖနောင့်နဲ့တင် တသားထဲကြအောင်ပြေးခဲ့ရတာပေါ့ဗျာ....................
(အတွေးသက်သက်သာဖြစ်ပါသည်)

မပြုံးဘဲ ဝါးလုံးကွဲရယ်နိုင်ကြပါစေ

Taryar Pain Gyi(​​ဇေယျာမြေ)

No comments:

Post a Comment