ပီတိမျက်ရည်
စစ်ကိုင်းမြို့နယ်ထဲက ရွာလေးတစ်ရွာမှာပေါ့....
ထိုရွာလေးမှာ အဓိကစီးပွားရေးလုပ်ငန်းကတော့ တောင်ယာစိုက်ခြင်းနဲ့ အင်းဆင်း(တံငါလုပ်ငန်း)ခြင်းလုပ်ငန်းတွေနဲ့
အသက်မွေးဝမ်းကျောင်းပြုကြတယ်လေ..
အဲ့ဒီရွာလေးထဲ အရီးသောင်းနဲ့ ကိုသာအိတို့သားအမိဆိုတာရှိတယ်ဗျ။
အသက်၆၀ကျော်အရီးသောင်းက ရိုးရာနတ်များကို လွန်စွာယုံကြည်ကိုးကွယ်သူ
ဖြစ်သည့်အလျောက် တပေါင်းတစ်ခါ ဝါခေါင်တစ်လှည့်၊နတ်တော်စစ်ထွက် တပေါင်းစစ်ပြန်(ဘယ်တွေကိုသွားပြီးဘယ်သူတွေနဲ့စစ်တိုက်သလည်းတော့မသိ)ထိုလတွေဆို အိမ်တောင်သိပ်ကပ်ရသည်မရှိပဲ ရွာထဲကနတ်တင်တဲ့အိမ်တွေကို နတ်လိုက်ဆက်ပေးရ၊ကိုယ်တော်ကြီး၊ကိုယ်တော်လေးပွဲ၊အမေမော်တော် #အဲယောင်လို့
အမေရေယဉ်၊အမေဂျမ်း၊ပခန်းက ကိုကြီးကျော်
စသည့်...စသည့်...နတ်ပွဲတွေဆိုလည်းသူ့လ အလိုက် ပက်သွားနေရသော ကနားထိမ်း
ရွာအခေါ်(နတ်ကတော်)ပေါ့ဗျာ...သူ့သားကိုသာအိကြီးကတော့
မိခင်ကြီးရဲ့ထိုအလုပ်ကိုမနှစ်မြို့ပေမဲ့လည်း
အမေဆိုတော့လည်း..ဒီတိုင်းကြည့်နေရတော့တာပဲလေ...
ကိုသာအိကြီးကတော့ အသက်၃၀နာနီး
တကိုတည်း လူပျိုကြီး၊ကျေးရွာရဲ့ကာလသားခေါင်းဆောင် ဖြစ်သလို အသောက်စား၊လောင်းကစားကင်းပြီး ဘာသာရေး ကျေးရွာလူမှုရေးကိစ္စများတွင်လည်း သူမပါရင်မပြီးသလောက် အရေးပါအရာရောက်သောသူဗျ။
ဖခင်ကြီးမရှိတဲ့နောက်....ဖခင်ကြီးရဲ့တောင်ယာလုပ်ငန်းတွေ သူပဲဦးဆောင်လုပ်ကိုင်ပြီး
မိခင်ကြီးကို လုပ်ကျွေးပြုစုနေတာပေါ့ဗျာ..
ဒီနှစ်မိုးဦးကျ ကိုသာအိတို့နှမ်းတွေတအားရပြီး
ဈေးကလည်းကောင်းသမို့ ကိုသာအိတို့မိသားစုပွတာပေါ့ဗျာ...
နေပူ၊မိုးရွာမရှောင် နွားနဲ့ဖက်ပြီးရုန်းကန်ခဲ့တဲ့ကိုသာအိ...ပင်ပန်းရကျိုးနပ်တယ်ခေါ်ရမှာပေါ့......
အမေရေအမေကျုပ်တို့ ဒီနှစ်တော့ပွပီဗျို့......
အေးအဲ့ဒါ...အဖေကြီးမ,လို့သားရဲ့...ဒီတစ်ခါငါ့သားမြို့တက်ရင်..ကန်တော့့ပွဲဝယ်ခဲ့.အဖေကြီးတွက်ပွဲထိုးပေးရအုံးမယ်တော့။ဟာဗျာ...အမေကလည်းခုလိုတောင်သူရတာက သားမနားမနေကြိုးစားလုပ်ခဲလို့လေ....အမေ့အဖေကြီးက ကျုပ်ကိုပေါင်းတစ်ပင် ကူနှုတ်ပေးဘူးလို့လားဗျ...ဟဲ့ငါ့သားအဲ့လိုမပြောရဘူးလေ....အရီးသောင်းတစ်ယောက်
လက်အုပ်လေးအပေါ်ချီပြီး ခွင့်လွတ်ပေးပါအဖေကြီးဘုရား...မလိမ်မိုးမလိမ္မာအမိုက်မဲလေးမို့ပါဘုရား..ပါးစပ်ကတွတ်ပွတွတ်ပွနဲ့အဖေကြီးရှိတဲ့အရပ်ကိုမှန်းပြီးတောင်ပန်နေလေရဲ့...(အဖေကြီးကဘယ်အရပ်နေတာလည်းကျွန်ုပ်မသိပါ သိချင်ရင်ရွာကအရီးသောင်းကိုမေးကြည့် :-) :-) ) ကိုသာအိတယောက်မိခင်ကြီးဘေးကနေဝုန်းကနဲထရပ်ပလိုက်တယ်....မိခင်ကြီးရဲ့ဒီအစွဲတွေကိုသူ...မရ,ရအောင်ချွတ်ရမယ်...ဟုတ်တယ်ငါရအောင်ချွတ်ရမယ်.....ကိုသာအိတယောက်ဘယ်လိုချွတ်မလည်း...?စဉ်းစားရပြီပေါ့..
တုံး...တုံး...တုံး...ဟောရွာဦးကျောင်းက
လေးနာရီတုံးခေါက်ပြီ...ကိုသာအိအိပ်ယာလေးသိမ်း မျက်နှာသစ် ဘုရားကန်တော့ပြီး
နွားလည်းက,ကာ ယာခင်းကိုထွက်သွားလေပြီ...
ယာခင်းဘက်ကိုထွက်သွားသောကိုသာအိလှည်းပေါ်မှာ ညကတဲ့က အသင့်တင်ဆောင်ထားတဲ့ မိခင်ကြီးကိုးကွယ်နေတဲ့နတ်ရုပ်ထုများ
အစုလိုက်အပြုံ လိုက်ပါသွားတာကိုတော့
မည်သူမှမသိလိုက်ပါချေ.......
ကိုသာအိကြီးလုပ်ငန်းစပြီ......
ကဲအားကောင်းမောင်းသန် ပန်းပဲမောင်တင့်တယ်(အိမ်တွင်းအဖေကြီး)
ခဗျားက ဒီလယ်ကွက်ကိုထွန်....
အမေဂျမ်းက ဒီအကွက်ထဲက ပေါင်းပင်တွေလိုက်နှုတ်....
ကိုယ်တော်ကြီး၊ကိုယ်တော်လေး(ရွှေဖျင်းကြီး၊ရွှေဖျင်းလေး)ကစပါးခင်းတွေကိုမြေသြဇာပက်
စသည်ဖြင့်..နတ်တွေကိုအလုပ် လုပ်ခိုင်းပြီး
သူကတော့ယာတဲထဲကိုဝင်အိပ်နေပါသတဲ့။
အရီးသောင်းတစ်ယောက်
ခေါင်းမီးတောက်လေပြီ.....သာအိစော်ကားမော်ကားပြောလိုက်လို့ အဖေကြီးနဲ့ကျန်တဲ့နတ်တွေစိတ်ဆိုးပြီး
သမီးတော်ကိုဒဏ်ခက်တဲ့အနေနဲ့ပြန်ကြွသွားကြတာထင်တယ်...။
အမ်မယ်!!!!ဒီအခြေနေတောင်အရီးသောင်းက
ဒီလိုထင်တာတော့အံ့ပါရဲ့ဗျ. :-) :-) :-)
မဖြစ်ဘူး...မဖြစ်ဘူး...သာအိကိုပြန်တောင်မှန်ခိုင်းမှဖြစ်မယ်။ အိုကြီးအိုမအရီးသောင်း
ယာတောကိုချက်ချင်းဂျောင်းတော့တာပေါ့ဗျာ..။
သာအိ ..မင်းကတဲထဲမှာအိပ်နေတယ်...
ခုအိမ်မှာပုံတော်တွေတစ်ခုမှမရှိတာ့ဘူး...
အဲ့ဒါဘာဖြစ်လည်းအမေ.....
ဟဲ့အဲ့ဒါနင်မနေ့က အဖေကြီးကိုစော်ကားမော်ကားပြောလိုက်လို့
စိတ်ဆိုးပြီးပြန်ကြွကုန်တာလေ...
ဟားဟားဟား...အမေရယ်အမေ့နတ်တွေ
ဘယ်ကိုမှမကြွဘူး...တကယ်လည်းမကြွနိုင်ဘူး
အမေကသာအဖေကြီးမ,လို့သီးနှံတွေရတယ်ပြောနေတယ်။ အမေ့နတ်တွေကဖြင့် မနက်အစောကြီးကကျုပ်အလုပ်တွေခိုင်းထားတာ ခုထိပေါင်းတစ်ပင်တောင်နှုတ်တာမတွေ့ရသေးဘူး ဟိုမှာကြည့်လေ..........ဆိုပြီး
နတ်ရုပ်တွေကိုလက်ညိုးထိုးပြပြီးး
အမေရယ်ကျုပ်တို့က ထေရဝါရဗုဒ္ဓသာဝင်တွေလေ......
“ဗုဒ္ဓေါ မေ သရဏံ အညံ နတ္ထိ၊ ဓမ္မော မေ သရဏံ အညံ နတ္ထိ၊ သံဃော မေ သရဏံ အညံ နတ္ထိ”လို့ခံယူထားတဲ့ကျုပ်တို့အမေတို့ဟာ
အခြားကိုးကွယ်စရာရှာနေဖို့မလိုတော့ဘူးလေအမေရဲ့....ကျုပ်တို့ဗုဒ္ဓဘာသာတွေအနေနဲ့
ကံ ကံ၏အကျိုးကို လက်ခံယုံကြည်နိုင်ရမယ်အမေ....
ကံ..ဆိုတာက အလုပ် ကောင်းတာလုပ်ရင်
ကောင်းတာဖြစ်မယ် မကောင်းတာလုပ်ရင်
မကောင်းတာဖြစ်မယ်။အဲ့ဒါကိုတော့အမေလက်ခံလား....??အင်း...လက်ခံတယ်။
လက်ခံတယ်ဆိုရင် အမေဟာမကောင်းတာကိုမလုပ်ဘူး ကောင်းတဲ့အလုပ်တွေကိုပဲလုပ်တယ်
ကျုပ်လည်းအမေ့လိုပဲလေ...ကောင်းတာတွေပဲလုပ်နေတော့ ကျုပ်တို့အလုပ်တွေကောင်းနေတာလေအမေရဲ့
အဲ့ဒီလိုသိတာကို ကမ္မသက္ကတဥာဏ်လို့ခေါ်တယ်အမေ...
အေးပါသားရယ်အေးပါ...အမေနားလည်ပါပြီ..နောက်ပြီးအမေဒီအလုပ်ကြီးကိုလည်းဒီနေ့ကစပြီးစွန့်လွှတ်လိုက်ပါပြီကွယ်..............
ကိုသာအိကြီးပါပြင်မှ ပူနွေးသောအရာများလိမ့်ဆင်းပြီးကျလာတယ်။
ထိုအရာကား မိခင်ကြီးအတွက် ဝမ်းသာလို့ကျသောမျက်ရည်
သို့မဟုတ်....ပီတိမျက်ရည်များသာ.......
ပြီးပါပြီ။
Taryar Pain Gyi (ဇေယျာမြေ)
No comments:
Post a Comment