Saturday, November 21, 2015

ထန်း​တောရွာ

တကယ်​သာယာ
ဇေယျာတိုင်းဆီက
ဖြာ​ဝေ​ဝေ တမာ​တွေထန်း​တွေနဲ့
အညာ​မြေ ဌာ​နေ
တို့ ထန်း​တောဆီ​သို့....
တစ်​ခါတစ်​​ခေါက်​​တော့
လာ​ရောက်​​စေချင်​...
ပျူ ငှါတယ်​ ဧည့်​ဝတ်​​ကျေလို့
ပျိုကညာ​တွေ ​တော်​​တော်​လှပါလို့
ပျိုတို့ရဲ့လုပ်​ငန်းခွင်
လွန်းရာ​ကျော်​ ယက္ကန်းစဉ်​ထက်​က ညှင်​သာသာ​တေးသံ​လေးကို
ဘဝင်​​တော်​​တော်​ ခိုက်​သွားမယ်​​ပေါ့ ​ပျော်​​ပျော်​​နေ ထန်း​ရေ​တွေ​သောက်​ကြရင်း
အ​ပေါင်းသင်း​တွေဆုံကြတာ​ပါ့
အညာ​မြေ ဌာ​နေတို့ ထန်း​တောဆီရဲ့
ထုံးဓ​လေ့​ပေါ့​လေး...........

Taryar Pain Gyi(​ဇေယျာ​မြေ)

ဆရာမသို့.......

#အမှတ်​တရ​ပေါ့

Friကမရှိ ပျင်းရိဘိ​ကြောင့်
ဟိုဒီဂဏန်းရမ်းသမ်းနိုပ်​ခါ
Friရှာမိ ခင်​မင်​တက်​သူဖြစ်​ရပါလို၏...
စသည့်​ viberမက်​​ဆေ့​လေးက​နေစပြီး
. ငါ့ရဲ့ဆု​တောင်း ပြည့်​ခဲ့တယ်​လို့ဆိုမလားဘဲ.. ..
နင်​နဲ့ငါဟာ ခု...အရင်းနည်းဆုံးမိတ်​​ဆွှေ​တွေဖြစ်​ခဲ့ကြပြီ​နော်​...........့
စ,ကြ​နောက်​ကြ
တျောက်​အ​ကြောင်း​တျောက်​​ပြောကြရင်း ရန်​​တွေဖြစ်​လိုက်
မ​ခေါ်မ​ပြောဘဲ​နေဖြစ်​လိုက်
ဖုန်း​တွေကိုလည်း ကိုယ်​ဆီblockကြ
နောက်​ပြီး​တော့လဲ ​နေမကုန်​ခင်
ပြန်​​ခေါ်ကြနဲ့ အဖြစ်​ပျက်​​လေး​တွေကို
လူကြီး​များ က​လေးဆန်​ခြင်းလို့ဘဲ
ခေါင်းစဉ်​တက်​ရမလားဘဲ:-) :-)
Onlineမှသည်​ အပြင်​မှာ​တွေ့ဆုံဖြစ်​ကြ​ပြန်​​တော့ ငါ့ရဲ့နှလုံးသားက
ခင်​မင်​မှုကို Update လုပ်​ချင်​တဲ့ဆန္ဒ
ပြင်းပြခဲ့ရပြန်​တယ်​​လေ.......
ငါ့ရဲ့ဆန္ဒမရဲတရဲ​လေး ရင်​ဖွင့်​ပြ​တော့
#နင်​ဟာငါ့အတွက်​ချစ်​သူထက်​ပိုချစ်​ရတဲ့သူငယ်​ချင်းပါလို့ ​ပြန်​​ပြောခဲ့တဲ့
နင့်​ရဲ့စကားကြား​တော့
ငါ​ပျော်​ခဲ့မိတာ​တော့အမှန်​...........
ဒါ​ပေမဲ့လဲဟာ....နင့်​ရဲ့အဲ့စကားလုံး​လေးဟာ ငါ့အတွက်​အ​ကောင်းဆုံး
နှစ်​သိမ့်​မှုတစ်​ခု မဖြစ်​ခဲ့ဘူးဆိုတာ​တော့ နင်​သိ​စေချင်​လိုက်​တာဟာ......
..........

Tuesday, November 17, 2015

စစ်​ကိုင်း​တောင်

စစ်​ကိုင်း​တောင်

သူ​တော်​စင်​​ပေါင်း ​ပျော်​စံ​အောင်း
ဂူ​ကျောင်း​ချောင်​​တွေ ​ပေါများ​ပေ
စေတီပုထိုး အမျိုးမျိုး
ရိုကျိုးစိတ်​တွင်​ ဖူး​ရောက်​ချင်
စည်​ပင်​သည့်​​ချောင်​ စစ်​ကိုင်း​တောင်​။

မြင်းက​ယဉ်​​လေး မြန်​မြန်​​ပြေး
မ​နှေး​ပေမင့်​ ​နှေးသည်​ထင့်
ချိန်​လင့်​မဆိုင်း ​တောင်​စဉ်​တိုင်း
ဒုန်းစိုင်းတက်​​ရောက်​ ​ပျော်​ပုံ​မောက်
ဝမ်း​မြောက်​ ဝမ်းသာ ​ရောက်​တဲ့ခါ။

တောင်​​ပေါ်လမ်း​လေး ပန်း​ဖွေး​ဖွေး
ငှက်​​ကျေးမြူး​ပျော်​ ဖို၊မ ​ဖေါ်
ရှု​မျှော်​​လေတိုင်း မှုန်​ရီမှိုင်း
စစ်​ကိုင်း​သေလာ ​ချောင်​​နေရာ
တစ်​ခါ​ရောက်​ဖူး စိတ်​ကြည်​နူး။

တောင်​​တော်​တစ်​ဝှမ်း ​ကျောင်းသင်္ကန်း
ရေချမ်းကပ်​လှူ သီတဂူ
ပြည်​သူအား​ပေး ​ရေ​တွေ​ဖွေး
ချမ်း​အေးသာယာ စည်​ပင်​လာ
ဇေယျာ​တောင်​တန်း စိမ်း​ရောင်​လွှမ်း။

လူသံတိတ်​ဆိတ်​ ​ချောင်​​တော်​ရိပ်
ချွေးသိပ်​ပန်း​ဖြေ ခိုနား​နေ
မျှ​ဝေ ရွှင်​လန်း ​ရေကြည်​ကမ်း
အားစွမ်း သစ်​လွင်​ ခရီးနှင်
ဖူးမြင်​ခဲ့​ပေ ​စေတီ​တွေ
တွေ့မြင်​ခဲ့​ပေ ​ချောင်​စဉ်​​တွေ
မွေ့​ပျော်​၍​နေ သူ​တော်​​တွေ
ပေါများ၍​နေ သီတဂူ​ရေ ။ ။

ကိုရင်​စစ်​ (စစ်​ကိုင်း)

ဆရာမ

ဆရာမ

စကားပြောသော်
ငေါက်ငန်းအော်၍
အပြောကြမ်းလှ
ဆရာမ…………
မေးသမျှကို
ငြင်းကာဆို
လွန်စွာဘုကျ
ဆရာမ…………
စာကိုမသင်
online ဝင်လို့ 
တွေ့သမျှလူ
သူQတက်ပါ့
ဆရာမ………………
တစ်ခုခုဆို
ဒေါသပို
အပျို ကြီးပေါက်စ
ဆရာမ…………
ဤသည့်ဂုဏ်တွေ
ပြည့်စုံနေသည့်
လွန်စွာလှပ
ဆရာမအားးးး
သဲထဲစူးနစ်
ကျွန်တော်………
ချစ်မိလေပြီတကား……………………

ရတနာ

...လူ့ဘဝဆိုတာ ရခဲသော
..."ရတနာ"...
ဗြဟ္မာပြည်က အပ်တစ်စင်း
လူ့ ပြည်ကအပ်တစ်ဆင်း
အပ်သွားခြင်းထိသိပုံပမာ...
လူသေလို့အပါယ်ကျ
ကမ္ဘာမြေက မြေမှုန့်ပမာ
များပြားလှပါ၏
လူသေလို့လူပြန်ဖြစ်ရ
လက်သည်းခွံပေါ်ကမြေမှုန့်ပမာ
နည်းလွန်းလှပါ၏...
ငရဲ တိရိစ္ဆာန် ပြိတ္တာ အသူရကာယ်
အပါယ်ဘုံမှသေ
အပါယ်ဘုံဖြစ်ရ
ကမ္ဘာမြေကမြေမှုန့်ပမာ များလွန်းလှပါ၏
အပါယ်ဘုံမှသေ လူပြည်ဖြစ်ရ
လက်သည်းခွံပေါ်ကမြေမှုန့်ပမာ
နည်းလွန်းလှပါ၏
ရခဲသော ဘဝ ရတနာ ဘာမှမကြာ
ခဏတာလေးရယ်မှခဏတာ...
နေရသည့်ခဏတာ ရှင်ရသည့်တစ်သက်တာ
အများတကာရဲ့သွေးအသက်
ပူနွေးသည့် မျက်ရည်စက်
မကြေနပ်ချက် နာကြည်းချက်တွေနဲ့
ညစ်ပေ စုတ်ပြတ်ခဲ့ပါလျှင်
"ရတနာ"ထိုက်သော လူ့ဘဝက
"ရ" တာနာ လူ့ဘဝဖြစ်ကြရတော့မှာပါ။ ။

အရှင်ဥာဏဝံသ (ညောင်ရမ်း)

သူငယ်​ချင်း

#သူငယ်​ချင်း#


မောက်​မာ​ထောင်​လွှား
မာနများနဲ့ ​ပျော်​ပါးလိုက်​စား
မင်းအကျင့်​များက
ဆိုးဝါးလွန်းတယ်​.......
ပါးမှာမပျက်​ မိတ်​ကပ်​များနဲ့
ထမီကလဲ ​ပေါင်​ထိခွဲတက်
စကပ်​တိုနမ့်​ ပြာယာခက်​တယ်​....
ဆံပင်​အ​ရောင်​ နီ​ကြောင်​​ကြောင်
ပြောဆိုမြန်​ဆန်​ မင်းပုံဟန်​ကို
ပြင်​လိုက်​စန်းပါ သူငယ်​ချင်းရာ....
ယဉ်​​ကျေးသိမ်​​မွေ့ မြန်​မာဓ​လေ့နဲ့
မင်းပုံအလှ မြင်​ချင်​စန်းပါ့
ကြွားချင်​လိုက်​တာ
ငါ့...သူငယ်​ချင်းပါလို့

Taryar Pain Gyi
ကျေးဇူးဘဲဆိုတဲ့ အပြုံး​လေး​တွေနဲ့
ကျေနပ်​ရ​ပေါင်းလဲ များခဲ့ပါပြီ
ကူညီပါဆိုတဲ့ အ​ပြော​လေး​တွေနဲ့
အခိုင်းခံရ​ပေါင်းလဲ များလှပါပြီ
ခဏ​လေးပါဆိုတဲ့ ငှါးရမ်းမှု​တွေနဲ့
ဆုံးရှုံးရ​ပေါင်းလဲ များလှပါပြီ
နက်​ဖန်​ခါဆိုတဲ့ ချိန်းဆိုမှု​တွေ​ကြောင့်
စောင့်​ခဲ့ရ​ပေါင်းလဲ များလှပါပြီ
ခဏ​နေရင်​​ ​ပေးမယ်​​နော်​ဆိုပြီး
ယူသွားတဲ့အ​ကြွေး​တွေလဲ များလှပါပြီ
ကဲ---သင်​က​ရော ကျွန်ုပ်​ကို
ဘယ်​လို အသိတရား​တွေ
ထပ်​​ပေးအုံးမှာလဲဗျာ--------