Tuesday, November 17, 2015

ရတနာ

...လူ့ဘဝဆိုတာ ရခဲသော
..."ရတနာ"...
ဗြဟ္မာပြည်က အပ်တစ်စင်း
လူ့ ပြည်ကအပ်တစ်ဆင်း
အပ်သွားခြင်းထိသိပုံပမာ...
လူသေလို့အပါယ်ကျ
ကမ္ဘာမြေက မြေမှုန့်ပမာ
များပြားလှပါ၏
လူသေလို့လူပြန်ဖြစ်ရ
လက်သည်းခွံပေါ်ကမြေမှုန့်ပမာ
နည်းလွန်းလှပါ၏...
ငရဲ တိရိစ္ဆာန် ပြိတ္တာ အသူရကာယ်
အပါယ်ဘုံမှသေ
အပါယ်ဘုံဖြစ်ရ
ကမ္ဘာမြေကမြေမှုန့်ပမာ များလွန်းလှပါ၏
အပါယ်ဘုံမှသေ လူပြည်ဖြစ်ရ
လက်သည်းခွံပေါ်ကမြေမှုန့်ပမာ
နည်းလွန်းလှပါ၏
ရခဲသော ဘဝ ရတနာ ဘာမှမကြာ
ခဏတာလေးရယ်မှခဏတာ...
နေရသည့်ခဏတာ ရှင်ရသည့်တစ်သက်တာ
အများတကာရဲ့သွေးအသက်
ပူနွေးသည့် မျက်ရည်စက်
မကြေနပ်ချက် နာကြည်းချက်တွေနဲ့
ညစ်ပေ စုတ်ပြတ်ခဲ့ပါလျှင်
"ရတနာ"ထိုက်သော လူ့ဘဝက
"ရ" တာနာ လူ့ဘဝဖြစ်ကြရတော့မှာပါ။ ။

အရှင်ဥာဏဝံသ (ညောင်ရမ်း)

No comments:

Post a Comment